⭐️5.2
နီပေါရဲ့ ဧဝရတ်တောင်တန်းတွေမှာသွားရိုက်ထားတာဖြစ်တဲ့အတွက် ရိုက်ချက်အပြင်အဆင်တွေက အတော်လေး ကြည့်လှပါတယ်။အီရတ်မှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ ညီဖြစ်သူရဲ့ နောက်ဆုံးဆန္ဒအရ သူ့ရဲ့အရိုးပြာကို ဧဝရတ်တောင်တန်းတွေမှာ ကျဲပေးဖို့ဆိုပြီး နီပေါကို မိုက်မက်ကယ်ဆိုတဲ့ အစ်ကိုဖြစ်သူဟာ တစ်ကိုယ်ထဲ့ပူဆွေးရင်းခရီးနှင်လာခဲ့ပါတယ်။ဒါပေမဲ့ သူရောက်လာတဲ့ ဧဝရတ်တောင်ခြေစခန်းကတောင်ပေါ်ရွာလေးမှာ ဒေသခံမြေတွေကိုအပိုင်သိမ်းပြီး ဆည်ကြီးဆောက်ဖို့ တာဆူနေတဲ့ လူမိုက်ဂိုဏ်းတစ်ခုရဲ့ ရန်စွယ်နဲ့တွေ့ပြီးဒေသခံတိုးဂိုက်အဖွဲ့နဲ့ရွာသူ/သားတွေကို ကူညီပေးဖို့ မိုက်ခ်တစ်ယောက်ကြုံရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။)