Ad P1
Ad P2

Thor: Ragnarok (2017)

Premium By Shine Design With Shroff Templates
Poster
⭐️8.1


Thor: Ragnarok” သည် MCU Phase 3 ရဲ့ ၅ ကားမြောက် ဇာတ်ကားဖြစ်ပြီး “Avengers: Age of Ultron” (၂၀၁၅) နဲ့ “Avengers: Infinity War” (၂၀၁၈) အကြား အရေးပါတဲ့ အချိန်ကာလကို ဖော်ပြထားပါတယ်။Thor ဇာတ်ကားတွေက ၂၀၁၁ နဲ့ ၂၀၁၃ တုန်းက ဆက် တိုက်ထွက်ရှိခဲ့ပြီး အခုတတိယမြောက်မှာ ဒါရိုက်တာ တိုက်ကာ ဝိတ်တီက ဘယ်လိုဇာတ်အိမ် တည်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။အန်တိုနီဟော့ပ်ကင်းစ်၊ ဘန်နီဒစ်ကန်ဘာဘက်ချ်၊ ကိတ်ဘ လန်ချက်၊ ခရစ္စဟမ်းစ်ဝေါ့သ်၊ ကန်လန်စီဘရောင်းစသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပဲမို့ စိတ်ကူးယဉ် သိပ္ပံ၊ စွန့်စားခန်း၊ ဟာသ၊ အက် ရှင်ရသတွေကို အပြည့်အဝခံစား ရဦးမှာပါ။ ဆိုကိုဗီးယားစစ်ပွဲအပြီး ၂ နှစ်အကြာမှာ သော ဟာမီးမိစ္ဆာဆာတာရဲ့ ဖမ်းဆီးတာကိုခံထားရပါ တယ်။ သောရဲ့ ဖခင် အိုဒင်ဟာ အက်စ်ဂါ့တ်မှာ ကြာကြာနေရမှာ မဟုတ်တဲ့အကြောင်းနဲ့ အရာအား လုံးကို သူ့ရဲ့မီးလျှံနဲ့ ဖျက်ဆီးပစ် မယ်လို့ ဆာတာကပြောပေမယ့် သောဟာ ဆာတာကို အနိုင်ယူနိုင် ခဲ့ပါတယ်။ အက်စ်ဂါ့တ်ကို ပြန်ရောက်ခဲ့ တဲ့ သောဟာ မွေးစားညီအစ်ကို လိုကီကို အကူအညီတောင်းပြီး သူ့အဖေကို ရှာတဲ့အခါ ကမ္ဘာမြေပေါ်က နော်ဝေးမှာရှိနေတယ်ဆိုတာ သိသွားပြီး လိုက်သွားပေမယ့် သူ့အဖေ အိုဒင်ကတော့ မရှိတော့ပါဘူး။ အိုဒင်ဟာ နှစ်ပေါင်းများစွာကတည်းက အကျဉ်းကျနေတဲ့ သူ့ရဲ့ သမီးဦး ဟီလာကိုပြန်လွှတ်ပေးပြီး နောက်ဆုံးမှာ ဟီလာဟာ အက်စ်ဂါ့တ်ကို ချေမှုန်းမယ့် ရန်သူအဖွဲ့ရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။ဟီလာဟာ သောရဲ့ လက်စွဲတော်တူကို ဖျက်ဆီးပစ်ခဲ့သလို သောနဲ့ လိုကီကိုလည်း အာကာ သထဲအရောက်ပို့ပြီး အပြတ်ရှင်းဖို့လုပ်ပါတော့တယ်။နောက်တော့ အက်စ်ဂါ့တ် ကို ဟီလာရောက်သွားပြီး အက်စ်ဂါ့တ်က စစ်တပ်တွေကို ဖျက်ဆီး ပြီးတော့ သူနဲ့ ဟိုးအရင်တုန်းက တိုက်ခိုက်ဖူးတဲ့ သေသူကို ပြန်ရှင်အောင်လုပ်ပြီး သူ့လက်အောက်ခံလက်မရွံ့ ဘက်တော်သားအဖြစ် လုပ်စေခဲ့ပါတယ်။အက်စ်ဂါ့တ်ကို စိတ်ကြိုက် ဖျက်ဆီးပစ်ဖို့လုပ်နေတဲ့ ဟီလာကို သောလ်တစ်ယောက်တားဆီးနှိမ်နင်းနိုင်မှာလားဆိုတာကို စူပါဟီးရိုးဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အမိုက်စားအထူးပြုလုပ်ချက်တွေနဲ့အတူ ဆက်ကြည့်ရမှာပါ။Budget $180 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $855 million ထိပြန်လည်ရရှိခဲ့ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open