Ad P1
Ad P2

Terminator 2: Judgment Day (1991)

Premium By Shine Design With Shroff Templates
Poster
⭐️8.6


လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ အဲဒီခေတ်ရဲ့ တတိယ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်သွားသလို ဟောလိဝုဒ်ရုပ်ရှင်မှတ်တမ်းမှာ အကောင်းဆုံး ဒုတိယအဆက်ကားအဖြစ် ဝင်သွားတာပဲ။ ထိန်းသိမ်းထားရမယ့် ဇာတ်ကားစာရင်းကို ၂၀၂၃ မှာ ထည့်ထားလိုက်ကြတယ်။ ဒီဇာတ်ကားမှာတော့ လူသားတို့ရဲ့ အဓိပတိခေါင်းဆောင် ဂျွန် ကော်နာ ကလေးငယ်ဘဝ မှာ နောက်ထပ်စက်ရုပ်တစ်ခု ရောက်လာခဲ့တယ်။ မော်ဒယ် ၁၀၁ ကြီးပါပဲ။ ထူးခြားတာက အဲဒီစက်ရုပ်ကို လူသားတွေကဖမ်းဆီးပြီး အစီအစဉ်ပြန်လည်ရေးဆွဲထည့်သွင်းလို့ ဂျွန်‌ ကော်နာ ကို ကာကွယ်ဖို့ လွှတ်လိုက်တာပဲ။စက်တွေဘက်ကလည်း တီ ၁၀၀၀ သတ္တုရည် အသွင်ပြောင်းစက်ရုပ်ကို လွှတ်လိုက်တယ်။ ဒီလိုနဲ့ စက်ရုပ်နှစ်ရုပ် မြေကမ္ဘာပေါ်မှာ ထင်တိုင်းကြဲ တိုက်ကြခိုက်ကြတော့တာပဲပေါ့။ ဒီတော့ မိခင်ဖြစ်သူ ဆာရာ ကော်နာ ရယ်၊ ဂျွန် ကော်နာ ရယ် မော်ဒယ် ၁၀၁ ကြီးရယ် ပူးပေါင်းပြီးတော့ လူသားတို့ အဓွန့်ရှည်စေရေး ရုန်းကန်တိုက်ခိုက်ကြပုံတွေကို ရှုစားရမှာပါ။ကျွန်တော်တို့ငယ်ငယ်ကတော့ အရည်ပျော်စက်ရုပ်ကားလို့ ခေါ်တာပေါ့လေ။ သူက ဗီလိန်သာပြောတာ ရုပ်ချောချော၊ အစွမ်းအစကလည်း အမိုက်စားဆိုတော့ ကလေးဘဝ ကစားရရင် အရည်ပျော်စက်ရုပ်နေရာ လုကြရတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...