⭐️7.4
The Flash (၂၀၁၃)
ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။
အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ
ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်
မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်
ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်း
တွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်
တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊
စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်
ပါပဲ။
ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ
အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်း
တစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး
ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာ
မန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အ
တိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီး က
မောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက်
အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကို
အခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာ
ကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီး
ပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက်
ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့
အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792
458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ
အမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာ
အလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင်
အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါ
ဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သ
လောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေ
သလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွား
သလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာ
အလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့
မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက်
သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက်
စွမ်းအင်နဲ့ သူပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေ
တာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်
ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်
နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူအ
ချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့
မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာ
တစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ
ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်
ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်း
နိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့
ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြ
ဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်
ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲ
မှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့
အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။
ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆို
တာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။