⭐️7.3
Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။
ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး)
ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ
၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီး
လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကို
လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့
အကူအညီနဲ့ပေါ့။
လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ
မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ်
(ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။
ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို
ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ…….