Ad P1
Ad P2

Blue Beetle (2023)

Premium By Shine Design With Shroff Templates
Poster
⭐️6.7


Blue Beetle(၂၀၂၃) DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာ စူပါမန်း ဘတ်မန်းတို့ရှိတဲ့ စကြဝဠာမှာပဲ ရှိနေပေမဲ့ ဒီထဲမှာတော့အခြားစူပါဟီးရိုးတွေကို နာမည်ပဲ ထည့်ပြောသွားပါတယ်။ဘရုစ်ဝိန်းက တွစ်တာကို ဝယ်လိုက်တဲ့အကြောင်းတောင် စပိန်လို တီဗီမှာ ပြပြီး ဟာသလုပ်သွားပါသေးတယ်။ ဒီစူပါဟီးရိုး ဇာတ်ကောင်က မာဗယ်ရဲ့ Venom နဲ့ ဆင်တူပါတယ်။ဂြိုလ်သား ပိုးကောင်တစ်ကောင်ဟာ လူသားလက်ခံကောင်တစ်ယောက်ကိုရွေ့းပြီးရင်ဆဲလ်တွေ ဦးနှောက်တွေကအစ ပေါင်းစည်းပြီး နှစ်စိတ်တစ်ကိုယ်အနေနဲ့ လုပ်ပါတယ်။ကျည်မတိုးတာတွေ၊ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းတွေ၊ ပျံနိုင်စွမ်းတွေအပြင် စိတ်ကူးထဲက ရှိတဲ့လက်နက်ပုံစံမှန်သမျှကို ချက်ချင်း ဖန်တီးပေးနိုင်စွမ်းပါရှိပါတယ်။ဒီအထဲမှာဆို မင်းသား စိတ်ကူးယဉ်လိုက်တဲ့ ဖိုင်နယ်ဖန်တက်စီဂိမ်းထဲက ဓားကြီးပါ ပါလာတာတွေ့ပါလိမ့်မယ်။ထိပ်တန်းအဆင့် စူပါဟီးရိုးကားတွေလို့ ပြောရမဲ့ Man of Steel, Iron Man တို့လို origin movieမဟုတ်ပေမဲ့ Antman, Shazam တို့လို ကြည့်ပျော်တဲ့ မိသားစုကားမျိုးလေးပါပဲ။ဇာတ်လမ်းအကျဉ်းမက္ကဆီကိုသား ဟိုင်မီ ရေးယက်စ်ဟာ ဘွဲ့ရလာပြီးတော့ မိသားစုစီပြန်လာပါတယ်။မိသားစုက အဲဒီအချိန်မှာ စီးပွားရေးအဆင်မပြေဘဲ အိမ်ပါ ဆုံးတော့မလိုဖြစ်နေလို့ရရာအလုပ်ရှာပါတော့တယ်။ အဲဒီမှာပဲ ကမ္ဘာ့ထိပ်တန်း လက်နက်ကုမ္ပဏီဖြစ်တဲ့ ကော့ကုမ္ပဏီမှာ အလုပ်ဝင်မိရကနေ ဆက်စပ်ပြီး သူတို့ကုမ္ပဏီရဲ့ ထိပ်တန်းလျို့ဝှက်ချက်ချေးပိုးထိုးအပြာကောင်ဂြိုလ်သားနဲ့ထိတွေ့မိပါတော့တယ်။ အဲဒီကနေစူပါပါဝါတွေရလာပေမဲ့ ကုမ္ပဏီပိုင်ရှင် ဗစ်တိုးရီးယားက အသေရရ အရှင်ရရလိုက်ဖမ်းပြီး မိသားစုကိုပါ ရန်ပြုလာတာကို ရင်ဆိုင်ရတဲ့အခါ….




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...