Ad P1
Ad P2

The Mummy (2017)

Premium By Shine Design With Shroff Templates
Poster
⭐️5.7


အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ မကောင်းဆိုးဝါး တစ်ယောက်လိုဖြစ်သွားတဲ့ အာမာနက်ဟာ သူ့ခမည်းတော်နဲ့တကွမိသားစုအားလုံးကို သတ်ပစ်ခဲ့ပြီး ဆက်ကိုလူသားတစ်ယောက် အသွင်ဖန်တီးဖို့အတွက် အာမာနက်ဟာ သူ့ချစ်သူကိုစတေးပစ်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ဖာရိုးဘုရင်ကြီးရဲ့ ဘုန်းတော်ကြီးတွေက ဆက်ရဲ့ ဝိညာဉ်ရှိနေတဲ့ အာမာနက်ချစ်သူ ခန္ဓာကိုယ်ကို မံမီလုပ်ခဲ့ပြီး အာမာနက် ကိုယ်ထဲကမကောင်းဆိုးဝါး ထွက်မလာနိုင်အောင် ဂူဘေးမှာ ပြဒါးတွေဝန်းရံ ပြီး အရှင်လတ်လတ်မြေမြှုပ်ပစ်ခဲ့ပါတယ်။ယနေ့ခေတ်အီရတ်နိုင်ငံမြင်ကွင်းနဲ့အတူ အမေရိကန်စစ်တပ် အရာရှိ နစ်မော်တန်နဲ့ သူ့လုပ် ဖော်ကိုင်ဖက် ခရစ္စဗေးလ်တို့ဟာ အာမာနက်ရဲ့ ဂူကိုမမျှော်လင့်ဘဲ တွေ့ခဲ့ကြပါတယ်။ နစ်ရဲ့ချစ်သူ ဟောင်းရှေးဟောင်း သုတေသန ပညာရှင် ဂျန်နီဟာလ်ဆေလည်း ရောက်လာပြီး နစ်တို့တွေ့ထားတဲ့ ဂူကိုလာပြီး စူးစမ်းလေ့လာခဲ့ပါ တယ်။နောက်တော့နစ်ရဲ့ အရာရှိ ကာနယ်ကရင်းဝေးရဲ့ ညွှန်ကြား ချက်နဲ့ အာမာနက်ရဲ့အခေါင်းကို အင်္ဂလန်မှာ ဆက်လေ့လာဖို့ လေ ယာဉ်နဲ့ အင်္ဂလန်ကို သယ်ယူခဲ့ ပါတယ်။ အဲဒီလို သယ်သွားရင်း ဗေးလ်ဟာအခေါင်းထဲက ပင့်ကူ တစ်ကောင်ရဲ့ အကိုက် ခံရပြီးမှာ မကောင်းဆိုးဝါးဝင်ပူးခံရပြီး အာ မာနက်အခေါင်းကို ဖွင့်ဖို့ကြိုးပမ်းပါတော့တယ်။ နောက်ထပ်ထူးဆန်းတဲ့ကိစ္စတစ်ခုကတော့ လေယာဉ်ကို ကျီးအုပ်ကြီးဝင်တိုးခဲ့တဲ့ အတွက် လေယာဉ်ပျက်ကျခဲ့ပါတယ်။ နစ်က ဂျန်နီကိုလေထီးနဲ့ လွှတ်လိုက်တဲ့အတွက် ဂျန်နီလွတ်မြောက်ခဲ့ပေမယ့် နစ်တို့ကတော့ လေယာဉ်နဲ့အတူ ပါသွားခဲ့ပါတယ်။အောက်စဖို့ဒ်က ရင်ခွဲရုံကို ရောက်သွားခဲ့တဲ့နစ်ဟာ နောက်ရက်မှာ အသက်ပြန်ရှင်လာခဲ့ပြီး သူ့မိတ်ဆွေဗေးလ်ဟာ အာမာနက်ရဲ့အစွမ်းကြောင့် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားတာ သိခဲ့ပါတယ်။ အဲဒီနောက်အာမာနက် လွတ်မြောက်သွားခဲ့ပြီး သူ့ရဲ့ အစွမ်းအစတွေနဲ့ ဒုက္ခပေးပါ တော့တယ်။အာမာနက်နဲ့နစ်၊ ဂျန်နီတို့ ထပ်တိုက်တွေ့တဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမှာလဲ၊ အာမာနက်ကို ပြန်ထိန်းချုပ်နိုင်ပါ့မလားဆိုတာ အက်ရှင်ပြကွက်တွေနဲ့အတူ ရင်တဖိုဖိုနဲ့ ဆက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာ တွမ်ခရုဇ်၊ အန်နာဘဲလ်ဝေါလစ်၊ ဆိုဖီယာ ဘိုတယ်လာ၊ ဂျိတ်ဂျွန်ဆင်၊ ကော့တနီဘီဗန့်စ်စတဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။ ။(ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြပါသည်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open