ဇာတ်လမ်းကတော့ Tony Stark (Iron Man) နဲ့ Bruce Banner (Hulk) တို့ရဲ့ ကြိုးပမ်းမှုကြောင့် Ultron လို့ခေါ်တဲ့ ဉာဏ်ရည်တု AI စနစ်ကို ဖန်တီးမိပြီး၊ ဒီ AI စနစ်ဟာ လူသားတွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Ultron ဟာ သူ့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် Vision နဲ့ Scarlet Witch တို့လို စွမ်းအားရှိသူတွေကို ဖန်တီးပါတယ်။ Avengers အဖွဲ့ဟာ Ultron ရဲ့ ခြိမ်းခြောက်မှုကို တားဆီးဖို့အတွက် ပြန်လည်စုစည်းခုခံဖို့ဖြစ်လာတဲ့အခါမှာတော့….။
Vision ရဲ့ နဖူးမှာ တပ်ဆင်ထားတဲ့ Mind Stone ဟာ Infinity Stones တွေထဲက တစ်ခုဖြစ်ပြီး၊ MCU ရဲ့ နောက်ကားတွေအတွက် စကြာဝဠာကျောက်တုံးတွေကို တခုပြီးတခုမိတ်ဆက်နေခဲ့ပါတယ်၊
Budget $444–495.2 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $1.405 billion ထိပြန်လည်ရရှိခဲ့ပါတယ်။